အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ နှင့် Chinland FC အသင်း၏ ဥက္ကဋ္ဌ ဦတီတီတို့ စင်ကာပူနှင့် မြန်မာ ခြေစမ်းပွဲသို့ ၁၁ . ၆ . ၂၀၁၉ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ မြန်မာလက်ရွေးစင်အသင်းကြီးသည် စင်ကာပူအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းကြီးထဲတွင် ချင်းတိုင်းရင်သားကစားသမား နှစ်ဦးပါဝင်ကစားခဲ့ပြီး အဆိုပါ ကစားသမား (၂)ဦးအား Chinland FC အသင်းမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။