MNL စီနီယာ လိဂ် ပြိုင်ပွဲ များကို ဇူလိုင်လ ဒုတိယပတ်အတွင်း ကျင်းပရန်ဆုံးဖြတ်။ အဆိုပါ အစည်းအဝေးပွဲသို့ Chinland FC ဥက္ကဌ ဦးထောင်းထာထန် တက်ရောက် ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို ဇူလိုင်လအတွင်း ပြန်လည် ကျင်းပရန်စီစဉ်နေပြီဖြစ်ကြောင်း ယနေ့ ကျင်းပသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပြိုင်ပွဲများကို နိုင်ငံတော်က ချမှတ်ပြထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီကျင်းပသွားမည် ဖြစ်ပြီး ဇူလိုင်လ ကျင်းပရန် ရှိသော ပွဲစဉ်များအတွက် နိုင်ငံတော် အစိုးရ ထံသို့ ကျင်းပခွင့် တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က ပြောဆိုသည်။
လိဂ်၀င်ငွေ လျော့ကျသွားသည့် အခြေအနေများကြောင့် ကလပ်အသင်းများကို ထောက်ပံငွေ အများဆုံး (၆၀) ရာခိုင်နှုန်းသာ ခွဲထုတ်ထားပေးနိုင်မည် ဖြစ်ပြီး လူငယ်ပြိုင်ပွဲများကို ဘတ်ဂျက် အရ ကျင်းပရန် မဖြစ်နိုင်တော့ကြောင်းလည် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
ပြိုင်ပွဲ မစတင်ခင်အချိန်တွင် MNL (1) အသင်းတစ်သင်းကို ကျပ်သိန်း (၃၀၀) ၊ MNL (2) အသင်း တစ်သင်ကို ကျပ်သိန်း (၁၀၀) ကနဦး ဦးစွာ ထောက်ပံပေးထားမည် ဖြစ်သည်။
ယခု အစည်းအဝေးကို Chinland FC ဥက္ကဌ ဦးထောင်းထာထန်း တက်ရောက်ခဲ့ပြီး၊ MNL အသင်းများမှ အသင်းပိုင်ရှင်များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မှ အလုပ်အမှုဆောင်ကော်မတီ၀င် အသီသီး လည်းတက်ရောက်ခဲ့သည်။
အစည်းအဝေးကို ရန်ကုန်မြို့တွင် ရှိသော Novotel Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။-
Photo Crd: #MNL








